
Semifinals List

UCL Quarter-Finals ဒုတိယကျော့ ဒုတိယနေ့ ပွဲစဉ်များ ဒီနေ့ မနက် ၁ နာရီခွဲမှာ ကစား၏။ ပထမကျော့ Sporting CP ကွင်းမှာ ၀-၁ ဖြင့် အနိုင်ရထားသည့် Arsenal အနေဖြင့် ဒုတိယကျော့ အိမ်ကွင်းမှာ ပွဲကို ထိန်းကစားပြီး Semifinals တက်ရောက်ခွင့်ကို အရယူသွားခဲ့၏။ အိမ်ကွင်းမှာ အိမ်ရှင်ကော ဧည့်သည်ကော ဂိုးသွင်းယူနိုင်ကြခြင်း မရှိဘဲ ဂိုးမရှိ သရေကျသွားခဲ့၏။ နှစ်ကျော့ပေါင်း ၁-၀ ဖြင့် Arsenal တို့ အနိုင်ရပြီး နောက်တဆင့် တက်သွားခဲ့လေ၏။
အကြိတ်အနယ် ရှိခဲ့တာကတော့ Bayern Munchen vs Real Madrid တို့၏ ပွဲစဉ် ဖြစ်၏။ အပြန်အလှန် သွင်းဂိုးတွေကိုလည်း တွေ့မြင်ခဲ့ရ၏။ ပထမကျော့ Real Madrid အိမ်ကွင်းမှာတုန်းက ၁-၂ ဖြင့် Bayern Munchen က အနိုင်ရထား၏။ ဒုတိယကျော့ ပွဲစဉ်က Bayern Munchen ထက်စာရင် Real Madrid အတွက် ပိုပြီး အရေးကြီးလှ၏။

ပွဲစပြီး ၁ မိနစ်မှာ ကတည်းက Real Madrid တို့ ဦးဆောင်ဂိုး စတင် ရရှိခဲ့၏။ ၆ မိနစ်မှာ Bayern Munchen က ချေပဂိုး ပြန်သွင်း၏။ ၂၉ မိနစ်မှာ Real Madrid တို့ ဦးဆောင်ဂိုး ထပ်သွင်းပြန်၏။ ၃၈ မိနစ်မှာ Bayern Munchen တို့ ချေပဂိုး ပြန်သွင်း၏။ ၄၂ မိနစ်မှာ Real Madrid တို့ ဦးဆောင်ဂိုး ပြန်လည် သွင်းယူ၏။ ဒီရလဒ်နဲ့သာ ပွဲပြီးရင် နှစ်ကျော့ပေါင်း ၄-၄ သရေ ဖြစ်သွားမှာမို့ အချိန်ပိုတွေ ပင်နယ်တီတွေအထိ ရောက်သွားနိုင်၏။
သို့ပေမဲ့ ကံကြမ္မာက Real Madrid ဘက်မှာ မရှိနေခဲ့ပေ။ ၈၆ မိနစ်မှာ Real Madrid ကစားသမား နှစ်ဝါ တနီဖြင့် အထုတ် ခံလိုက်ရ၏။ ၈၉ မိနစ်မှာ Bayern Munchen ချေပဂိုး ပြန်သွင်း၏။ Real Madrid အတွက် အိမ်ပြန်ရဖို့ ပိုသေချာသွားစေသည့် ဂိုးကို ၉၀+၄ မိနစ်မှာ Bayern Munchen အနေဖြင့် ထပ်မံ သွင်းယူသွားခဲ့လေ၏။ ၄-၃ ဖြင့် Bayern Munchen အနိုင်ရသွားခဲ့၏။ နှစ်ကျော့ပေါင်း ၆-၄ ဖြင့် Bayern Munchen တို့ Semifinals အဆင့်သို့ တက်လှမ်းသွားခဲ့၏။
Semifinals မှာ PSG vs Bayern Munchen နှင့် Atletico Madrid vs Arsenal တို့ ယှဉ်ပြိုင်ကစားကြမည် ဖြစ်၏။ April 28 နှင့် 29 ရက်နေ့များမှာ ယှဉ်ပြိုင်ကစားသွားမည် ဖြစ်၏။
(photos from UCL page)
Estimated Payout
$0.59
Discussion
No comments yet. Be the first!