
Road to Semifinals

UCL Quarter-Finals ပွဲစဉ်များ ပြီးနောက်မှာ Europa & Conference League Quarter-Finals ပွဲစဉ်များ ကစားခဲ့ကြ၏။ EPL အသင်းတွေ ခုထိ အခြေအနေကောင်းနေကြဆဲပင်။ Quarter-Finals ကို ကျော်ဖြတ်ပြီး Semifinal အဆင့်သို့ တက်လှမ်းထားခဲ့လေ၏။ Aston Villa က အီတလီကလပ် Bologna ကို နှစ်ကျော့ပေါင်း ၇-၁ ဖြင့် အနိုင်ရခဲ့၏။ Nottm Forest က ပေါ်တူဂီကလပ် Porto ကို နှစ်ကျော့ပေါင်း ၁-၂ ဖြင့် အနိုင်ရပြီး Semifinal သို့ တက်လှမ်းသွားခဲ့၏။
Final မှာ အင်္ဂလန် ကလပ်အသင်း နှစ်သင်း တွေ့ဆုံဖို့တော့ မရှိ၊ မဖြစ်နိုင်တော့ပေ။ Semifinal အဆင့်မှာ Nottm Forest နဲ့ Aston Villa တို့ ဆုံနေသောကြောင့် ဖြစ်၏။ တသင်းက ဗိုလ်လုပွဲတက်ပြီး တသင်းကတော့ နှုတ်ဆက် ထွက်ခွာရပေလိမ့်မည်။ တဖက်မှာတော့ ပေါ်တူဂီ ကလပ် Braga နဲ့ ဂျာမနီ ကလပ် Freiburg တို့ Semifinals အဆင့်မှာ တွေ့ဆုံမည် ဖြစ်၏။ အင်္ဂလန် ကလပ်အသင်းတွေ အနေဖြင့် ဗိုလ်လုပွဲမှာ ပေါ်တူဂီ သို့မဟုတ် ဂျာမနီ ကလပ် တသင်းသင်းနဲ့ ယှဉ်ပြိုင်သွားရဖို့ ရှိနေ၏။

Conference League မှာ Semifinals အဆင့် တက်သွားသည့် EPL အသင်းက Crystal Palace ဖြစ်၏။ Fiorentina ကို နှစ်ကျော့ပေါင်း ၄-၂ ဖြင့် အနိုင်ရပြီး Semifinals အဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်၏။ Semifinals မှာ ယူကရိန်းကလပ် Shakhtar Donetsk နဲ့ ယှဉ်ပြိုင်ရမည် ဖြစ်၏။ Semifinals အဆင့်ကို ဖြတ်ကျော်လာနိုင်ခဲ့ရင်တော့ ဗိုလ်လုပွဲမှာ စပိန် သို့မဟုတ် ပြင်သစ် ကလပ် တသင်းသင်းနှင့် ယှဉ်ပြိုင်သွားရဖို့ ရှိနေ၏။
EPL အသင်းတွေရဲ့ နှစ်တနှစ် ဖြစ်လာ မလားကတော့ စောင့်ကြည့်သွားရပေလိမ့်ဦးမည်။ UCL မှာ Arsenal အသင်းက Semifinals မှာ စပိန်ကလပ် Atletico Madrid အသင်းနှင့် တွေ့ဆုံနေခဲ့၏။ Arsenal တို့ ထိုအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ရင် PSG သို့မဟုတ် Bayern Munchen နှင့် ဗိုလ်လုပွဲမှာ ယှဉ်ပြိုင်ရမည် ဖြစ်၏။ အင်္ဂလန် ကလပ်အသင်းတွေ မည်မျှ အောင်မြင်မလဲကတော့ မကြာမီ သိရတော့မည် ဖြစ်၏။
(photos from Europa League Page)
Estimated Payout
$0.43
Discussion
No comments yet. Be the first!