
2 nd Lag Day 1

မနေ့က United ပွဲကို အာရုံရောက်နေတာနဲ့ UCL Quarter-Finals ဒုတိယကျော့ ပွဲစဉ်တွေ ရှိတာ မေ့သွား၏။ ဒီနေ့ မြန်မာစံတော်ချိန် မနက် ၁ နာရီခွဲမှာ Atletico Madrid vs Barcelona, Liverpool vs PSG တို့ ယှဉ်ပြိုင် ကစားခဲ့ကြ၏။ ပထမကျော့မှာတုန်းက Atletico Madrid က Barcelona ကို ၀-၂ ဖြင့် လည်းကောင်း၊ PSG က Liverpool ကို ၂-၀ ဖြင့် လည်းကောင်း အသီးသီး အနိုင်ရထားခဲ့၏။ အနိုင်ရထားသည့် အသင်းတွေထက် ရှုံးနိမ့်ထားသည့် အသင်းတွေက ဖိအား ပိုများနေမည် ဖြစ်၏။
Atletico Madrid vs Barcelona ပွဲစဉ်မှာတော့ ဧည့်သည် Barcelona က ပွဲ စကတည်းက တိုက်စစ်ဆင် ကစားခဲ့၏။ အနည်းဆုံး ၂ ဂိုး ပြန်သွင်းရမှာမို့ သူတို့ ဂိုးရဖို့ လို၏။ ၄ မိနစ်နှင့် ၂၄ မိနစ်တို့မှာ Barcelona အသင်း ဂိုးဆောင်ဂိုးတွေ သွင်းယူနိုင်ခဲ့၏။ သို့သော် ၃၁ မိနစ်မှာ Atletico Madrid တို့ ချေပဂိုး ၁ ဂိုး ပြန်လည် သွင်းယူခဲ့၏။ ၇၉ မိနစ်မှာ Barcelona ကစားသမား တိုက်ရိုက် အနီကဒ်ဖြင့် ထုတ်ပယ်ခံခဲ့ရပြီးနောက်မှာ ပွဲက ပြီးသလောက် ရှိသွားခဲ့လေ၏။ နှစ်ကျော့ပေါင်း ၃-၂ ဖြင့် Atletico Madrid အသင်း ဆီမီးဖိုင်နယ် Semifinal အဆင့်သို့ တက်လှမ်း သွားခဲ့လေ၏။

Liverpool vs PSG ပွဲစဉ်မှာတော့ ဧည့်သည် PSG က ၀-၂ ဖြင့် ထပ်မံ အနိုင်ရသွားခဲ့၏။ Dembele တဦးထဲကပဲ ၇၂ မိနစ်၊ ၉၀+၁ မိနစ်တို့မှာ ၂ ဂိုးလုံး သွင်းယူ သွားခဲ့လေ၏။ ၂ ကျော့ပေါင်း ၀-၄ ဖြင့် ပြတ်သားစွာ အနိုင်ရပြီး Semifinal အဆင့်သို့ တက်လှမ်း သွားခဲ့လေ၏။
Semifinal အဆင့်မှာ Atletico Madrid အနေဖြင့် Arsenal vs Sporting CP ပွဲစဉ်မှ အနိုင်ရသည့် အသင်း၊ PSG အနေဖြင့် Bayern Munchen vs Real Madrid ပွဲစဉ်မှ အနိုင်ရသည့်အသင်းတို့နှင့် ယှဉ်ပြိုင် ကစားမည် ဖြစ်၏။
နက်ဖြန် မြန်မာစံတော်ချိန် မနက် ၁ နာရီခွဲမှာတော့ Arsenal vs Sporting CP, Bayern Munchen vs Real Madrid တို့၏ ပွဲစဉ်များ ကစားသွားဖို့ ရှိ၏။ ပထမကျော့မှာ Arsenal က Sporting CP ကို ၀-၁ ဖြင့် လည်းကောင်း၊ Bayern Munchen က Real Madrid ကို ၁-၂ ဖြင့် လည်းကောင်း အနိုင်ရထားခဲ့၏။ ဒုတိယကျော့မှာ အိမ်ရှင် အသင်းတွေကပဲ အကောင်းဆုံး ထိန်းချုပ်ကာ Semifinal တက်သွားမလား။ ဒါမှ မဟုတ် ဧည့်သည်အသင်းတွေက အံ့ဩဖွယ်ရာတွေ လုပ်ပြသွားမလားကတော့ စိတ်ဝင်စားစွာ စောင့်ကြည့်ရပေလိမ့်မည်။
(photos from UCL page)
Estimated Payout
$1.91
Discussion
No comments yet. Be the first!